ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာက အန္တရာယ်ရှိလား
သွေးတိုးတာက ပုံမှန်အချိန်မှာလည်း ထိခိုက်တာမျိုး ဖြစ်စေနိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးမယ် ဆိုရင်လည်း ထိခိုက်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာက မိခင်ရော ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာက ဘယ်လိုမျိုး ထိခိုက်မှုတွေ ဖြစ်စေနိုင်လဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာက အန္တရာယ် ရှိလားဆိုတာကို ပြောပြပေးချင်ပါတယ်။
အချို့သော အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာကို ခံစားကြရပါတယ်။ ကိုယ်ဝန်ဆောင်တိုင်း ခံစားကြရမယ်တော့ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာက မိခင်ကိုရော ဗိုက်ထဲက ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာက ကိုယ်ဝန်ဆောင်ချိန်မှာရော မီးဖွားပြီးချိန်မှာပါ ခံစားရနိုင်ပါတယ်။ ဒီနေရာမှာ သတင်းကောင်း တစ်ခုကတော့ သွေးတိုးတာကို ကာကွယ်လို့ ရသလို သေချာလေး ထိန်းသိမ်းလို့ရတယ် ဆိုတာပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာကို အသက် ၂၀ ကနေ ၄၄ နှစ်အတွင်းမှာရှိတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၂ ဦးမှာ ၁ ဦးလောက် ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာက အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာကို ခံစားရနိုင်ခြေ များတယ်ဆိုပေမယ့် သွေးပေါင်ချိန်ကို သေချာလေး ထိန်းညှိပေးမယ်ဆိုရင်တော့ မိခင်ရော ကလေးပါ ကျန်းမာစေမှာပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာကို ခပ်ပေါ့ပေါ့တော့ မတွေးသင့်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာစေဖို့ရော မီးဖွားပြီးချိန်မှာ ကျန်းမာစေဖို့ပါ သေချာလေး ကုသဖို့ လိုပါမယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာ အန္တရာယ်ရှိနိုင်လား?
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာက ကိုယ်ဝန်ဆိပ်တက်တာ၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားချိန်မှာ လေဖြတ်တာ၊ အချင်းပြဿနာတွေနဲ့ ကိုယ်ဝန်ဆောင်ချိန် မတိုင်ခင် ကလေးမွေးချင်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။
ကလေးမှာဆိုရင်လည်း လမစေ့ဘဲ မွေးဖွားတာ၊ ပေါင်မပြည့်တာမျိုးဖြစ်နိုင်သလို ကလေးမှာ လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ လုံလောက်အောင် ရရှိစေဖို့ ခက်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ချိန်ကို သေချာလေး ထိန်းညှိပေးပါ။ ဆရာဝန်တွေနဲ့ သေချာလေး ဆွေးနွေးဖို့လည်း လိုပါမယ်။
ကိုယ်ဝန်မဆောင်ခင်မှာ
ကိုယ်ဝန်မဆောင်ခင်မှာဆိုရင်တော့ ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ် ရှိတယ်ဆိုရင် ကိုယ်ဝန်မဆောင်ခင်မှာ ကတည်းက ဆရာဝန်နဲ့ သေချာလေး စစ်ဆေးပေးပါ။ သောက်ရမယ့်ဆေးလေးတွေကို သေချာလေး မေးမြန်းပြီး ပုံမှန်လေး သောက်ပေးပါ။ နောက်တစ်ခုက ကိုယ်အလေးချိန်ကို ထိန်းတာမျိုး လုပ်ပေးဖို့ လိုသလို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားဖို့လည်း လိုပါမယ်။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ဆောင်တာမျိုး မလုပ်ဖို့လည်း လိုပါမယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ
ကိုယ်ဝန်ဆောင်ချိန်မှာ စောနိုင်သမျှ စောစောနဲ့ မှန်မှန်လေး ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေဖို့ လိုပါမယ်။ ဆရာဝန်နဲ့ ပုံမှန်လေး ပြသဖို့ လိုပါမယ်။ ဆေးကိုလည်း မှန်မှန်လေး သောက်ပေးပါ။ ကိုယ်ဝန်ဆိပ်တက်တဲ့ လက္ခဏာတွေကိုလည်း သေချာလေး စောင့်ကြည့်ဖို့ လိုပါမယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးဖို့ လိုသလို ကိုယ်အလေးချိန်ကို ထိန်းညှိဖို့လည်း လိုပါမယ်။
မီးဖွားပြီးချိန်မှာ
မီးဖွားပြီးချိန်မှာလည်း သွေးတိုးကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးဖြစ်တာက ကိုယ်ဝန်ဆောင်ချိန်မှာတင် ဂရုစိုက်ဖို့ လိုတာ မဟုတ်ပါဘူး။ မီးဖွားပြီးချိန်မှာလည်း ဂရုစိုက်ဖို့ လိုပါမယ်။ မီးဖွားပြီးချိန်မှာ သွေးပေါင်ချိန် မြင့်တက်တာက လေဖြတ်တာကို ဖြစ်စေနိုင်သလို အခြားသော ကျန်းမာရေး ပြဿနာတွေကိုလည်း ခံစားရနိုင်ပါတယ်။
မွန်မွန်